Sunday, Apr 30th

Last update08:32:37 AM GMT

You are here: Consular Myanmar ဝင်ငွေခွန်

Announcement for By Election

ဝင်ငွေခွန်

E-mail Print PDF

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ (၂၁-၁၂-၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၅၇ /၂၀၁၁ အရ ပြည်ပနေ မြန်မာနိုင်ငံများအတွက် (၁-၁-၂၀၁၂) ရက်နေ့မှ စတင်၍ အခွန်ကင်း လွတ်ခွင့်ပြုလိုက် ပြီးဖြစ် ပါ၍ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ မပျက်မကွက် ပေးဆောင်ရန် လိုအပ်ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာအရ မူလ လစာ၏ ၁၀ ရာခိုင်နှုန်းအတိုင်း ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့ ထိ ကိုပေးဆောင်ရမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ ကို လစာ၏ ၂ ရာခိုင်နှုန်းဖြင့်ပေးဆောင်ရမည်ဖြစ်ပါသည်။

လိုအပ်ချက်များ
  • (က)    လျှောက်လွှာ( ဝင်ငွေခွန်လျှောက်လွှာ )

  • (ခ)    နိုင်ငံကူးလက်မှတ် ဓါတ်ပုံပါစာမျက်နှာနှင့် သက်တမ်းရှိဗီဇာစာမျက်နှာ မိတ္တူ

  • (ဂ)    နောက်ဆုံးဝင်ငွေခွန်ပေးဆောင်သည့်ပြေစာမူရင်း

ပထမဦးဆုံးအကြိမ်ဝင်ငွေခွန်ပေးဆောင်ခြင်းဖြစ်ပါက-

လိုအပ်ချက်များ

(က)    လျှောက်လွှာ( ဝင်ငွေခွန်လျှောက်လွှာ)


(ခ)    
ကိုယ်ရေးရာဇဝင် (ဓါတ်ပုံတစ်ပုံ ကပ်ရန်)



(ဂ)    နိုင်ငံကူးလက်မှတ် ဓါတ်ပုံပါစာမျက်နှာနှင့် သက်တမ်းရှိဗီဇာစာမျက်နှာ မိတ္တူ


(ဃ)    အခြေခံလစာဖော်ပြထားသော ကုမ္ပဏီမှ အလုပ်ခန့်စာ/အလုပ်ထောက်ခံစာ


စက်ဖြင့်ဖတ်ရှုနိုင်သော မြန်မာနိုင်ငံကူးလက်မှတ် (MRP) ထုတ်ပေးရာတွင်  အသုံးပြုမည့် ဓါတ်ပုံ၏ လိုအပ်ချက်များ

  • ၁။    (၆) လအတွင်းရိုက်ကူးထားသော ဓါတ်ပုံဖြစ်ရမည်၊
  • ၂။    မျက်နှာ၏ ဧရိယာသည် ဓါတ်ပုံ၏ (၈၀) ရာခိုင်နှုန်းဖြစ်ရမည်၊
  • ၃။    နောက်ခံအရောင် အဖြူရောင်ဖြစ်ရမည်၊
  • ၄။    ဓါတ်ပုံပေါ်ရှိ မျက်နှာ၏ အရောင်သည် နဂိုမူလ အသားရောင်ဖြစ်ရမည်၊
  • ၅။    ထင်ရှားပြတ်သားမှုရှိသော ပုံရိပ်ဖြစ်ရမည်၊
  • ၆။    မျက်လုံးအနေအထားမှာ-
    (က)    မျက်လုံးနှစ်ဘက်မှာ တစ်တန်းတည်းဖြစ်ရမည်၊
    (ခ)    မျက်လုံးပေါ်၌ ဆံပင်များ ဖုံးအုပ်ခြင်းမရှိစေရ၊

    (ဂ)    မျက်နှာသည် နောက်ခံအဖြူရောင်၏ အလယ်တည့်တည့်တွင် ရှိရမည်
    (ဃ)    မျက်လုံးပေါ်တွင် အနီစက်/ အဖြူစက် အလင်းပြန်ခြင်းမရှိစေရ၊ (Red Eye)
  • ၇။    မျက်နှာအနေအထားသည် တည်ကြည်သော အနေအထားဖြစ်ရမည်၊
  • ၈။    နှုတ်ခမ်းအနေအထားသည် ဖွင့်ဟနေသော အနေအထားမဖြစ်စေရ၊
  • ၉။    ဓါတ်ပုံပေါ်တွင် အလင်းပြန်ခြင်းမရှိစေရ၊
  • ၁၀။    ဓါတ်ပုံပေါ်တွင် အရိပ်မထင်စေရ၊
  • ၁၁။    မျက်မှန်တပ်သည့်သူများ - အရောင်ပြောင်းမျက်မှန် (tinted lenses)၊ မျက်မှန်ပေါ်တွင် အလင်းမပြန်စေရ၊ မျက်မှန်ဘောင်မထူရ၊ မျက်မှန်ဘောင် (frames) သည် မျက်လုံးကို မကွယ်ရ၊
  • ၁၂။    ဦးထုပ်ဆောင်း၍ မရိုက်ရ၊
  • ၁၃။    အစ္စလာမ်ဘာသာ၀င်အမျိုးသမီးများ ခေါင်းအုပ်ပုဝါသည် မျက်နှာပေါ်တွင် အုပ်မိုးခြင်း မရှိစေရ၊ အရိပ်မကျစေရ၊
  • ၁၄။    ဓါတ်ပုံအရွယ်အစားမှာ ( ၃၅ မီလီမီတာ နှင့် ၄၅ မီလီမီတာ) ရှိရမည်၊
  • ၁၅။    ဓါတ်ပုံ Resolution မှာ 300 ppi ဖြစ်ရမည်၊
  • ၁၆။    ဓါတ်ပုံအား စီဒီခွေ (soft copy) ဖြင့် ပေးရပါမည်။

Contact Us

181, PREAH NORODOM BOULEVARD, BOEUNG KENG KANG 1, KHAN CHAMCARMON, PHNOM PENH

Phone : (855-23) 223 761 , 223 762
Fax : (855-23) 223 763
Email : mephnompenh@yahoo.com
Website : www.mephnompenh.org

Ministry Websites



Embassy Websites



Connect With Us

facebook Facebook Fan
twitter Twitter Page
rss News Feeds
linkedin Youtube Channel