Thursday, Jan 19th

Last update08:32:37 AM GMT

You are here: Consular Myanmar နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးခြင်း

Announcement for By Election

နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးခြင်း

E-mail Print PDF
အဆိုပါကိစ္စရပ်သည် မြန်မာနိုင်ငံရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြလမ်းညွှန်မှု ခံယူရပါသည်။

လိုအပ်ချက်များ

  • (က)    လျှောက်လွှာ( နိုင်ငံကူးလက်မှတ်အသစ်လျှောက်လွှာ )

  • (ခ)    ကိုယ်ရေးရာဇဝင် (ဓါတ်ပုံ(၁)ပုံနှင့် ဓါတ်ပုံအား စီဒီခွေဖြင့် ယူဆောင်လာရန်ဖြစ်ပါသည်။)

  • (ဂ)    ပျောက်ဆုံး/ပျက်စီးရသည့် အကြောင်းအရင်းကို ဖော်ပြလျှောက်ထားစာ

  • (ဃ)    ရဲစခန်းထောက်ခံစာ (ပျောက်ဆုံးအတွက်သာဖြစ်သည်)

  • (င)    နိုင်ငံကူးလက်မှတ် ဓါတ်ပုံပါစာမျက်နှာနှင့် သက်တမ်းရှိဗီဇာစာမျက်နှာ မိတ္တူ

  • (စ)    (၃၁-၁၂-၂၀၁၁) ရက်နေ့အထိ ဝင်ငွေခွန်ပေးဆောင်ထားသည့် ပြေစာမူရင်း

  • (ဆ)    မှီခိုသူဖြစ်ပါက အိမ်ထောင်စုဇယား/မွေးစာရင်း/လက်ထပ်စာချုပ် မိတ္တူယူဆောင်လာရန်

  • (ဇ)    မှီခိုသူဖြစ်ပါက    မိမိ မှီခိုနေသူ၏ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ဝင်ငွေခွန်နောက်ဆုံးပေး ဆောင်ထားသည့် ပြေစာမိတ္တူနှင့် နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးပါရန် မေတ္တာရပ်ခံစာ တို့ပူးတွဲတင်ပြရန်

  • (ဈ)    ကျောင်းသူ/သားဖြစ်ပါက မိမိသင်ကြားနေသည့် တက္ကသိုလ်/ကောလိပ်/ကျောင်းမှ ထောက် ခံစာမူရင်းနှင့် ကျောင်းသားကဒ်မူရင်းနှင့်မိတ္တူ တို့ပူးတွဲတင်ပြရန်

(မှတ်ချက်။    မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ နိုင်ငံကူး လက်မှတ်အသစ်အား ထုတ်ပေးပါသည်။)


စက်ဖြင့်ဖတ်ရှုနိုင်သော မြန်မာနိုင်ငံကူးလက်မှတ် (MRP) ထုတ်ပေးရာတွင်  အသုံးပြုမည့် ဓါတ်ပုံ၏ လိုအပ်ချက်များ

  • ၁။    (၆) လအတွင်းရိုက်ကူးထားသော ဓါတ်ပုံဖြစ်ရမည်၊
  • ၂။    မျက်နှာ၏ ဧရိယာသည် ဓါတ်ပုံ၏ (၈၀) ရာခိုင်နှုန်းဖြစ်ရမည်၊
  • ၃။    နောက်ခံအရောင် အဖြူရောင်ဖြစ်ရမည်၊
  • ၄။    ဓါတ်ပုံပေါ်ရှိ မျက်နှာ၏ အရောင်သည် နဂိုမူလ အသားရောင်ဖြစ်ရမည်၊
  • ၅။    ထင်ရှားပြတ်သားမှုရှိသော ပုံရိပ်ဖြစ်ရမည်၊
  • ၆။    မျက်လုံးအနေအထားမှာ-
    (က)    မျက်လုံးနှစ်ဘက်မှာ တစ်တန်းတည်းဖြစ်ရမည်၊
    (ခ)    မျက်လုံးပေါ်၌ ဆံပင်များ ဖုံးအုပ်ခြင်းမရှိစေရ၊

    (ဂ)    မျက်နှာသည် နောက်ခံအဖြူရောင်၏ အလယ်တည့်တည့်တွင် ရှိရမည်
    (ဃ)    မျက်လုံးပေါ်တွင် အနီစက်/ အဖြူစက် အလင်းပြန်ခြင်းမရှိစေရ၊ (Red Eye)
  • ၇။    မျက်နှာအနေအထားသည် တည်ကြည်သော အနေအထားဖြစ်ရမည်၊
  • ၈။    နှုတ်ခမ်းအနေအထားသည် ဖွင့်ဟနေသော အနေအထားမဖြစ်စေရ၊
  • ၉။    ဓါတ်ပုံပေါ်တွင် အလင်းပြန်ခြင်းမရှိစေရ၊
  • ၁၀။    ဓါတ်ပုံပေါ်တွင် အရိပ်မထင်စေရ၊
  • ၁၁။    မျက်မှန်တပ်သည့်သူများ - အရောင်ပြောင်းမျက်မှန် (tinted lenses)၊ မျက်မှန်ပေါ်တွင် အလင်းမပြန်စေရ၊ မျက်မှန်ဘောင်မထူရ၊ မျက်မှန်ဘောင် (frames) သည် မျက်လုံးကို မကွယ်ရ၊
  • ၁၂။    ဦးထုပ်ဆောင်း၍ မရိုက်ရ၊
  • ၁၃။    အစ္စလာမ်ဘာသာ၀င်အမျိုးသမီးများ ခေါင်းအုပ်ပုဝါသည် မျက်နှာပေါ်တွင် အုပ်မိုးခြင်း မရှိစေရ၊ အရိပ်မကျစေရ၊
  • ၁၄။    ဓါတ်ပုံအရွယ်အစားမှာ ( ၃၅ မီလီမီတာ နှင့် ၄၅ မီလီမီတာ) ရှိရမည်၊
  • ၁၅။    ဓါတ်ပုံ Resolution မှာ 300 ppi ဖြစ်ရမည်၊
  • ၁၆။    ဓါတ်ပုံအား စီဒီခွေ (soft copy) ဖြင့် ပေးရပါမည်။

Contact Us

181, PREAH NORODOM BOULEVARD, BOEUNG KENG KANG 1, KHAN CHAMCARMON, PHNOM PENH

Phone : (855-23) 223 761 , 223 762
Fax : (855-23) 223 763
Email : mephnompenh@yahoo.com
Website : www.mephnompenh.org

Ministry Websites



Embassy Websites



Connect With Us

facebook Facebook Fan
twitter Twitter Page
rss News Feeds
linkedin Youtube Channel