Thursday, Jan 19th

Last update08:32:37 AM GMT

You are here: Home

Announcement for By Election

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်အောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ The Honourable Mr. Ichiro Aisawa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

E-mail Print PDF

နေပြည်တော် စက်တင်ဘာ ၅

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ The Honourable Mr. Ichiro Aisawa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေး၊ TB၊ HIV နှင့် ငှက်ဖျား ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေးအပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ရေးနှင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

Contact Us

181, PREAH NORODOM BOULEVARD, BOEUNG KENG KANG 1, KHAN CHAMCARMON, PHNOM PENH

Phone : (855-23) 223 761 , 223 762
Fax : (855-23) 223 763
Email : mephnompenh@yahoo.com
Website : www.mephnompenh.org

Ministry Websites



Embassy Websites



Connect With Us

facebook Facebook Fan
twitter Twitter Page
rss News Feeds
linkedin Youtube Channel