Thursday, Jan 19th

Last update08:32:37 AM GMT

You are here: Home

Announcement for By Election

ဒုတိယသမ္မတဦးဉာဏ်ထွန်း (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နဝမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

E-mail Print PDF

နေပြည်တော်   စက်တင်ဘာ   ၆

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ န၀မအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉) နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကား ပြောကြားရာ၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကစားရုံ၊ အားကစားကွင်း၊ အားကစားပစ္စည်း ကိရိယာများ ခေတ်မီနည်းပညာ စံနှုန်းများကိုက်ညီရေး၊ အားကစားပွဲ ဝန်ဆောင်မှုအားလုံး အသုံးပြုမှု လွယ်ကူ အဆင်ပြေရေး၊ အားကစားပွဲကြီး ဘေးကင်းလုံခြုံမှုအတွက် တင်းကျပ်သော်လည်း ကြည်သာသော လုံခြုံရေးအစီအမံများထားရှိရေး၊ မြန်မာ့ အားကစား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစား စီမံခန့်ခွဲမှုနှင့် သိပ္ပံနည်းကျ သုတေသန လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး၊ ယခင် ကျင်းပခဲ့သော အိမ်ရှင်နိုင်ငံများ၏ အတွေ့အကြုံအပေါ် အခြေခံ၍ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု အကောင်းဆုံးရရှိရေး၊ အားကစားပွဲကြီး ကြိုတင် ပြင်ဆင်ရာတွင် လည်းကောင်း၊ ကျင်းပရာတွင် လည်းကောင်း၊ လုပ်ငန်းစနစ်၊ လုပ်ငန်း လည်ပတ်မှု ယန္တရားနှင့် စီမံခန့်ခွဲမှုတို့တွင် တီထွင်ဖန်တီးမှု စံနမူနာကောင်း ပြသနိုင်ရေးတို့အတွက် လက်တွေ့ကျပြီး ထိရောက်သော ကြိုးပမ်းအားထုတ်မှု ပြုလုပ်သွားရေး၊ မြန်မာ့ယဉ်ကျေးမှု၏ လေးနက် သိမ်မွေ့မှုနှင့် ချစ်ခင် နှစ်လိုဖွယ်ရှိမှုကို ဖော်ကျူးနိုင်သည့် ဖျော်ဖြေရေး အစီအစဉ်များကို ကမ္ဘာသိ တင်ဆက်နိုင်ရေး၊ အထူးသဖြင့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများအား အားကစားနှင့် အနုပညာ ရသမြောက်စွာ ပေါင်းစပ်တင်ဆက်နိုင်ရေး စသည့်အချက်များကို ရည်မှန်းချက်များအဖြစ် အရှေ့ တောင်အာရှ အားကစား ပြိုင်ပွဲကျင်းပရေး လုပ်ငန်းလမ်းညွှန်တွင် ချမှတ်ပေးထားခဲ့ပါကြောင်း၊ အားကစားနေရာများ ပြင်ဆင်ခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း၍ အစိမ်းရောင် အားကစားပွဲအဖြစ် ဖန်တီးခြင်း၊ အဆင်ပြေ ဘေးကင်း လုံခြုံသည့် မြို့ပြပို့ဆောင်ရေး ကွန်ရက်စနစများ ထူထောင်ခြင်း၊ အားကစားပွဲဆိုင်ရာ သတင်းဝန်ဆောင်မှုအတွက် ခေတ်မီ ICT  စီမံခန့်ခွဲမှုစနစ် တည်ဆောက်ခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အစီအမံများ ချမှတ်အကောင်အထည်ဖော်ခြင်း၊ အိုလံပစ် ပဋိညာဉ်နှင့် စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်သည့် ဥပဒေ ရေးရာပတ်ဝန်းကျင် ထူထောင်ခြင်း၊ လူထုပူးပေါင်း ပါဝင်မှုအတွက် လှုံ့ဆော်စည်းရုံးခြင်း ဆိုင်ရာကိစ္စရပ်များ အတွက်လည်း အဆိုပါ လုပ်ငန်း လမ်းညွှန်တွင် အသေးစိတ် ဖော်ပြထားပြီး ဖြစ်ပါကြောင်း။

အဆိုပါ လုပ်ငန်း လမ်းညွှန်ချက်အတိုင်း ကော်မတီအသီးသီးက အရှိန်အဟုန်မပျက် အကွက်စေ့စေ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသည်ကို အားတက်ဖွယ် တွေ့ရှိရပါကြောင်း၊ လုပ်ငန်းစဉ် တိုင်းအတွက် ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသည့် ဆိုရိုးစကားအတိုင်း ဇာတ်တိုက်လေ့ကျင့် ပြင်ဆင်မှု ပြုလုပ်သွားပြီး ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းလက်ကျန်များကိုလည်း အချိန်ဇယား ရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်နှင့် ဦးဇော်ဝင်းတို့က မြန်မာ့အားကစား အောင်နိုင်ရေးနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းဆိုင်ရာများ အပေါ် ဆွေးနွေး တင်ပြကြသည်။

Contact Us

181, PREAH NORODOM BOULEVARD, BOEUNG KENG KANG 1, KHAN CHAMCARMON, PHNOM PENH

Phone : (855-23) 223 761 , 223 762
Fax : (855-23) 223 763
Email : mephnompenh@yahoo.com
Website : www.mephnompenh.org

Ministry Websites



Embassy Websites



Connect With Us

facebook Facebook Fan
twitter Twitter Page
rss News Feeds
linkedin Youtube Channel